ရွှေမြင်းပျံ အရက်ချက်လုပ်ငန်းကို ၁၉၉၀ ခုနှစ်တွင် စတင်တည်တောင်ခဲ့ပြီး ယနေ့မြန်မာနှိင်ငံ၏အရက်ချက်လုပ်ငန်းကဏ္ဍတွင် အကြီးဆုံးလုပ်ငန်းအနေဖြင့် ရပ်တည်လျက် ရှိပါသည်။ သဘာဝ ပြောင်းဝါ၊ ဆန်ကွဲနှင့် သကြားကျရည်(ကြံသာရည်)စသည့် သဘာဝစစ်စစ် ကုန်ကြမ်းများကို အချဥ်ဖောက်ခြင်း (ကဇော်ဖောက်ခြင်း) နှင့် ပေါင်းခံခြင်းဖြင့် စနစ်တကျ ထုတ်လုပ်သော (GZS နှင့် ENA) ခေါ် အရည်အသွေးပြည့်ဝသော ပြောင်းဆန်များမှ အဓိက ထုတ်လုပ်ပါသည်။ စက်ရုံမှ ထွက်ရှိသော စွန့်ပစ်ချဥ်ဖတ်များကို မွေးမြူရေးခြံများအတွက် အစာအဖြစ် အသုံးပြုပါသည်။
စက်ရုံလိပ်စာ (၁) : အမှတ် က-၅/၄၊ စက်မှုဇုန် ၁ ၊ ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
စက်ရုံလိပ်စာ(၂) : ရွာသစ်ကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး။
စက်ရုံဖုန်း : +၉၅၉၇၆၅၄၇၀၇၉၉
စက်ရုံ အီးမေးလ် : mg.gyi@winbrothersgroup.com
သက်တမ်းအရည်အသွေးထိန်သိမ်းရာတွင် ထူးကဲသော သဘာဝသစ်သားအနံ့အရသာအတွက် မြန်မာယမနေသစ်နှင့် အမေရိကန်ဝက်သစ်ချပင်မှရရှိသော သစ်တို့ဖြင့် ပြုလုပ်ထားသော စည်များဖြင့် သိုလှောင်ပါသည်။ စကော့ဝီစကီချက်လုပ်သူ ဝီစကီပညာရှင်နှင့် အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ Jim Swan ရဲ့ ထုတ်လုပ်မှုဒီဇိုင်းနှင့် နည်းပညာများကို ကိုးကားလျက် ရာသီဥတုအလိုက် အကောင်းဆုံး သိုလှောင်နည်းများကို အခြေခံကာ အကောင်းဆုံးအနံ့အရသာရရှိနိုင်သော သိုလှောင်မှုပုံစံ၊ သိုလှောင်စည်ရွေးချယ်မှု၊ သိုလှောင်ရုံစသည်တို့ကို စနစ်တကျစီမံထုတ်လုပ်ပါသည်။ မြန်မာနိုင်ငံရဲ့ ဝီစကီနှင့် ရန်မ် အမျိုးအစားများထဲတွင်သိုလှောင်မှုနည်းစနစ် အကောင်းဆုံး အမျိုးအစားအဖြစ် နေရာတစ်နေရာ ရရှိထားပါသည်။ သိုလှောင်မှုနည်းစနစ်သည် လက်ရာမြောက်တဲ့ဖော်စပ်မှုနှင့်အတူ အရသာ အရည်အသွေးမြင့်မားမှု တို့ကို ပေးစွမ်းနိုင်ပါသည်။
လိပ်စာ : ပလိပ်၊ စဥ့်ကိုင် မြို့နယ်၊ ကျောက်ဆည် ခရိုင်၊ မန္တလေးတိုင်းဒေသကြီး။
ဖုန်း : +၉၅၉၇၆၅၆၅၆၀၁၃
အီးမေးလ် : san.win@winbrothersgroup.com
အဖျော်ယမကာ ထုတ်လုပ်ရေးသည် တောအရက်နှင့် ရန်မ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပါသည်။ သူ့ရဲ့ ရောင်ပြန် ကုန်အမှတ်တံဆိပ်သည် အကောင်းဆုံး သဘာဝကုန်ကြမ်းများကိုသာ အသုံးပြုထားသော သက်သေခံအမှတ် တံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။ ရန်မ်၊ အရက်ဖြူ၊ သဘာဝအရသာပြည့် အဖျော်ယမကာများ နှင့် Carbonated Liquor တို့ကို ထိရောက်စွာ ထုတ်လုပ်ရောင်းချပေးနိုင်ရန် ထုတ်လုပ်ရေးလုပ်ငန်း (၃)ခုနှင့် အရောင်းခန်းမ (၁၀)ခု ဖွင့်လှစ်ထားပါသည်။
လိပ်စာ (၁) : ၈၆ လမ်းနှင့် ၁၈ လမ်းထောင့်၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
လိပ်စာ (၂) : အမှတ် က-၅/၄၊ စက်မှုဇုန် ၁ ၊ ပြည်ကြီးတံခွန် မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
လိပ်စာ (၃) : အမှတ် ၁၃၈/၁၃၉ ၊ ပုလဲလမ်း ၊ သာဓုကန်စက်မှုဇုန် ၊ရွှေပြည်သာမြို့နယ် ၊ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း : +၉၅၉၇၆၅၄၇၀၈၁၅
အီးမေးလ် : mya.htay@winbrothersgroup.com