ကျွန်ုပ်တို့ အကြောင်း

ဝင်းညီအစ်ကိုများ  ကုမ္ပဏီလုပ်ငန်းစု (Win Brothers Group of Co., Ltd) သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သော လုပ်ငန်းစုများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး မန္တလေးမြို. ရှိ ဝင်းမိသားစုက ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စတင်တည်ထောင်သည့် နှစ်မှ စ၍ လုပ်ဆောင်ခဲ့သော လုပ်ငန်းများအနေဖြင့် ဖျော်ယမကာ ထုတ်ကုန်များ၊ စက် မူလုပ်ငန်း သုံးဓာတ်ငွေ့များ၊ စိုက်ပျိုးရေး လုပ်ငန်း၊ သကြားထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်များ ထုတ်လုပ်ခြင်း၊ သတ္တုတွင်း တူးဖော်ခြင်း နှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို စီးပွားရေးကဏ္ဍအမျိုးမျိုးတွင် ပါဝင်လုပ်ကိုင် လျက်ရှိပါသည်။ အကောင်းဆုံး အောင်မြင်မူရရှိရန် စဥ်ဆက် မပြတ် ကြိုးစားမူဖြင့် သင့်လျော်သော မူဝါဒဆိုင်ရာ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ကုန် နှင့် စီံမံကိန်း အစီအစဥ်များကို ညီညွတ်မျှတအောင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်ချမှတ်ကာ လုပ်ဆောင် လျက်ရှိပါသည်။ မြန်မာ့ စီးပွားရေး နယ်ပယ်တွင် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံရှိခြင်းကြောင့် တိုးတက်လာတဲ့ မြန်မာ့စီးပွားရေးကို ဦးဆောင်နိုင်တဲ့ နေရာ တစ်နေရာကို ရရှိထားတဲ့ လုပ်ငန်းစုဖြစ်ပါသည်။

ကျွန်ုပ်တို့ အကြောင်း
မျှော်မှန်းချက်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစွမ်းဆောင်ရည် အမြင့်ဆုံးနှင့် စံပြကုမ္ပဏီ တစ်ခုဖြစ်လာစေရန်။

ရည်ရှည်စီမံကိန်း

စားသုံးသူများ၊ ဝန်ထမ်းများနှင့် စီးပွားရေး လက်တွဲဖော်များ အားလုံးအတွက် လက်တွေ့ လုပ်ဆောင်ချက်ကို အခြေခံသော အကောင်းဆုံးရလာဒ်များ ယူဆောင်ပေးရန်။

အမြုတေတန်ဖိုးများ

ဖြောင့်မတ်မှန်ကန်ခြင်း – ဖြောင့်မတ်မှန်ကန်မှုစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ကျွန်ုပ်တို့ လုပ်သမျှအားလုံးတွင် ဖြောင့်မတ်မှန်ကန်မှုရှိနေခြင်း

ရိုးသားမှု- ကျွန်ုပ်တို့၏လုပ်ငန်းကဏ္ဍအားလုံးတွင် ကျွန်ုပ်တို့သည် ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ကျင့်ဝတ်သိက္ခာများဖြင့် မိမိကိုယ်ကို ကျင့်ကြံဆောင်ရွက်မည်။​

အပြန်အလှန်ပြောဆို ဆောင်ရွက်မှုများတွင် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိသောပုံစံများဖြင့် ဆောင်ရွက်ကြမည်။

ယုံကြည်စိတ်ချရမှု- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် များမှတဆင့်သော် လည်းကောင်း၊ ကတိကဝတ်များဖြည့်ဆည်းပေးခြင်းဖြင့်သော်လည်း ကောင်း လုပ်ငန်းနှင့်သက်ဆိုင်သူများ ၊ ဖောက်သည်များ၊ ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ နှင့်အတူ ယုံကြည်မှုတည်ဆောက်ကြမည်။

တာဝန်ခံမှု- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို တာဝန်ခံမှု တာဝန်ရှိစိတ် အပြည့်အဝရှိကြပြီး ကိုယ်ပိုင်အသိစိတ်ဖြင့် လုပ်ငန်းများထမ်းဆောင်ကြမည်။

ပူးပေါင်းဆောင်ရွက်ခြင်း – အသင်း အဖွဲ့များပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း

ပူးပေါင်းဆောင်ရွက်ခြင်း- ကျွန်ုပ်တို့သည် မိမိတို့ကြား မျှဝေသဘောတူထားသော  ပန်းတိုင် များဆီသို့ အရောက်လှမ်းနိုင်ရန်အလို့ငှာ၊ အဖွဲလိုက် အတူတကွ ပူးပေါင်းဆောင်ရွက် တတ်သည့် ပတ်ဝန်းကျင်တစ်ခုကို တည် ဆောက်ကြမည်။

ဆက်သွယ်ဆောင်ရွက်မှု- ကျွန်ုပ်တို့သည် ထိရောက်သော အဖွဲ့လိုက်လုပ်ဆောင်ချက်များနှင့် အချက်အလက်များ မျှဝေခြင်းကို တိုးမြှင့်လုပ်ဆောင်လျက်​ အချင်းချင်း ပွင့်လင်းမြင်သာစွာ ဆက်သွယ်ဆောင်ရွက်ကြမည်။

စည်းလုံးညီညွတ်အား- ကျွန်ုပ်တို့သည် အဖွဲ့ပေါင်းစုံ၏ စုပေါင်းအင်အားကို မြှင့်တင်အသုံးချခြင်းဖြင့် ပိုကြီးသောရလဒ်ကောင်းများကို ဆွတ်ခူးရရှိနိုင်မည်ဟု ယုံကြည်ကြသည်။​

အကောင်းဆုံးဖြစ်တည်ခြင်း – ကိစ္စရပ်တိုင်းကို ရှုထောင့်တိုင်းတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း –

အရည်အချင်း- ကျွန်ုပ်တို့သည် စဉ်ဆက်မပြတ် သင်ယူခြင်း၊ မြင့်မားလာခြင်း နှင့် တိုးတက်မှုအခွင့်အလမ်းများကို ရှာဖွေခြင်းတို့ဖြင့် အကောင်းဆုံးဖြစ်လာရန် ကြိုးပမ်းကြမည်။

အရည်အသွေး- ကျွန်ုပ်တို့သည် အရည်အသွေးမြင့်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အတွေ့အကြုံများကို ကျွန်ုပ်တို့၏ဖောက်သည် (internal & external customer) များအား ပေးအပ်ရန် တာဝန်ခံ ကတိပြုကြမည်။ ကျွန်ုပ်တို့လုပ်သမျှတွင်အကောင်းဆုံးဖြစ်လာစေရန် ရည်ရွယ်၍ ကျွမ်းကျင်ပိုင်နိုင်မှုနှင့်ပတ်သတ်သော စံနှုန်းအမြင့်ကို လက်ကိုင်ထားမည်။

ဆန်းသစ်တီထွင်မှု- ကျွန်ုပ်တို့သည် ဖန်တီးမှုပါသောဖြေရှင်း ချက်များနှင့် ရှေ့သို့တွေးခေါ်မှုကို တန်ဖိုးထားသည့် ယဉ်ကျေးမှုတစ်ရပ်ကို ပျိုးထောင်မြှင့်တင်ပေးရင်း၊ တီထွင်ဆန်းသစ်မှုများကို အားပေးကြိုဆိုမည်။